ကြက်ဥ၏ ကျန်းမာရေးကောင်းကျိုး
01-Mar-2017
ကြက်ဥက ပရိုတင်းအစားအစာဖြစ်ပြီး ဦးနှောက်၊ နှလုံးနဲ့ ခုခံအားစနစ်အတွက် အလွန်အကျိုးရှိတဲ့ အာဟာရဓာတ် ဖြစ်ပါတယ်။ ကြက်ဥအကာမှာ စွမ်းအင်ထုတ်လုပ်ဖို့ နှင့်ခန္ဓာကိုယ်မှ အဆိပ်တွေကို ဖယ်ရှားဖို့အတွက် အရေးပါတဲ့ အာဟာရ ဆီလီနီယမ်နဲ့ ရိုက်ဗိုဖလေဗင် (ဘီ ၆) တွေ များစွာပါဝင်ပါတယ်။ကြက်ဥနှစ်မှာ ဗီတာမင်တွေဖြစ်တဲ့ ဗီတာမင် A,E,D,K,B12,Folic acid,Pantothenic acid တွေများစွာပါတဲ့အပြင် သတ္တုဓာတ်တွေဖြစ်တဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ဖော့စဖရပ်စ်၊ ဆီလီယမ်နဲ့ သွပ်ဓာတ်တွေလည်း များစွာပါဝင်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွက ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်စဉ်ကို ကူညီပေးပြီး သွေးနီဥတွေကို ထုတ်လုပ်ပေးပါတယ်။ ကြက်ဥအနှစ်မှာ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်တဲ့ လူတင် နဲ့ ဇီယာဇမ်သင်း ဟာ ဗီတာမင်အီးနဲ့ ပေါင်းစပ်ပြီး မျက်လုံးနဲ့ အရေပြားအတွက် များစွာအကျိုးကျေးဇူးရှိပါတယ်။
Credit:
ဒေါက်တာခင်မိုးမိုး
Arogyam magazine, August 2016, Pg. 16
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

